အိန္ဒိယနိုင်ငံ၊ဗီဟာပြည်နယ်၊ဗုဒ္ဓဂယာမြေမြတ်မဟာသို့ ရောက်ခဲ့သည်မှာ လေးလပင်ကျော်လာခဲ့ပြီ။ အိန္ဒိယ ဆောင်း၏အအေးဒဏ်ကိုလည်းကောင်းကောင်းခံစားလိုက်ရပြီးပြီ။ အခုနွေရာသီ၏အပူဒဏ်ကလည်းကောင်းကောင်းလာနုတ်ဆက်နေလေပြီ။ အိန္ဒိယကိုရောက်ကတည်းက မဟာဗောဓိစေတီကြီးသို့ တစ်နေ့တစ်ခေါက်တော့ရောက်ဖြစ်သည်။ သတ္တဌာန ၇-ဌာနတွင် တစ်ခုအဖြစ်ပါဝင်သော စတုတ္ထသတ္တာဟ၊ ရတနာဃရ ရွှေအိမ်နေရာတွင် ပဌာန်းမြတ်ဒေသနာတော်ကို သွားရောက်ပူဇော်သည်။ တခါတခါ ဆဌသတ္တာဟ မုစလိန္ဒာအိုင်နေရာရောက်ဖြစ်သည်။အိန္ဒိယနိုင်ငံ၏ အင်တာနေရှင်နယ် ဗုဒ္ဓစင်တာ ဟုအမည်နှင့်စည်ကားတိုးတက်နေသော ဗုဒ္ဓမြတ်စွာ၏အောင်မြေဗောဓိနေရာတွင် မုစလိန္ဒာကန်ထဲမှ မြန်မာ့မူ မြန်မာ့ ဟန်ဖြင့်ထုလုပ်ထားသော နဂါးရုံဗုဒ္ဓရုပ်ပွား တော်ကိုဖူးမြင်ရသည်မှာ ကြည်နူးဝမ်းမြောက်ဖွယ်ရာပင်။
မုစလိန္ဒာကန်ထဲမှ ပန်းပုပညာရှင်ဆရာကြီးဦးဟန်တင်၏ပြောင်မြောက်သော လက်ယာ
မုစလိန္ဒာကန်ထဲမှ ပန်းပုပညာရှင်ဆရာကြီးဦးဟန်တင်၏ပြောင်မြောက်သော လက်ယာသည် အလွန်တင့်တယ်နေ၏ ။တကယ့်သက်ရှိ မြွေနဂါးခွေနေသကဲ့သို့ တွန့်လိပ်ခွေကာ ပါးပျဉ်းထောင်လျှက်ရှိသည်မှာလည်း မာန်ပါလှ၏။ ရှေ့မှကြည့်လျှင် မြတ်ဗုဒ္ဓ၏ တင့်တယ်ပုံကိုကြည်ညိုဖွယ်ရာမြင်ရသကဲ့သို့ ဘေးကကြည့်လျှင် မြန်မာနဂါး၏ မာန်ပါပုံသရုပ်ကိုမြင်ရသည်။
ရှေးခေတ်မှစ မြန်မာနိုင်ငံမှ အုပ်ချုပ်သူ ဘုရင်များနှင့် ပြည်သူပြည်သားများသည် ဗုဒ္ဓဘာသာကို မြတ်နိုးသူများပီပီ ဗုဒ္ဓပွင့်တော်မူရာ ဗောဓိမြေကို သဒ္ဓါတရားဖြင့်အလှဆင်ခဲ့ကြသည်။ မြန်မာ့လက်ရာ မြန်မာ့ရတနာတို့ဖြင့်မွမ်းမံပူဇော်ခဲ့ကြသည်။ခေတ်အဆက်ကျော်လွှားခဲ့ရသောကြောင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာ့လက်ရာတို့သည် ယခုအခါပျောက်ကွယ်လုလုရှိနေပြီ။
သည်နေ့ စေတီမှအထွက် မင်းတုန်းမင်းဆောက်လုပ်လှူဒါန်းထားသော (ဇရပ်ဟုခေါ်နေသော) ပရိဘောဂဆောင်သို့ သွားချင်သည့်စိတ်ကပေါ်လာသည်။ အိန္ဒိယကိုရောက်ရောက်ချင်းတစ်ခေါက်ရောက်ဖူးပြီ။
မဟန့်နန်းတော်ကြီး
စေတီကြီး၏အရှေ့မြောက်( မြန်မာဘုန်းကြီးကျောင်းသို့သွားရာလမ်း)ဘက် လမ်းကွေ့အလွန်တွင်မဟန့်နန်းတော်ကြီး၏မုခ်ဝကိုတွေ့ရသည်။အတွင်းသို့ဝင်လိုက်သည်နှင့် မဟန့်နန်းတော်ကြီးကို တွေ့ရသည်။
နန်းတော်၏ယာဘက်ဂိိတ်ခါးကိုဝင်လိုက်တော့ ဟင်းရွက်ခင်းများကိုတွေ့ရသည်။ ဟင်းရွက်ခင်းအလွန်တွင် စေတီယောင်ယောင် ပြသာဒ်နှင့် မြန်မာလက်ယာအဆောက်အအုံနှစ်ခုကို ခြုံနွယ်တွေ အကြားတွေရသည်။
ဘကြီးတော်ဘုရားနှင့် မင်းတုန်းမင်းကြီးတို့၏ကျောက်စာတိုက်နှစ်ခု
မြန်မာဘုရင်ဘကြီးတော်ဘုရားနှင့် မင်းတုန်းမင်းကြီးတို့၏ ကျောက်စာတိုက်နှစ်ခုဖြစ်သည်။မင်းတုန်းမင်းကြီး၏ကျောက်စာတိုက်ထဲတွင်ကျောက်စာရှိနေသေးသည်။ကျောက်စာတွင် မင်းတုန်း မင်းတရားကြီး ဤကျောင်းကို လှူဒါန်းခဲ့ရာတွင် ခုနှစ်၊ သက္ကရာဇ်နှင့် မည်သည့် ပစ္စည်းများ ပါဝင် လှူဒါန်းခဲ့ကြောင်း အပြည့်အစုံ ရေးသားထားသည်ကို တွေ့ရသည်။ ကျောက်စာသည် အကောင်း ပကတိ ရှိနေဆဲဖြစ်သော်လည်းစာသားများပျက်စီးလာနေပြီ။်ဘကြီးတော်ဘုရား၏ကျောက်စာတိုက်ထဲတွင်ကျောက်စာမရှိတော့ပေ။ မထိန်းသိမ်းမှုကြောင့်ပျောက်ပျက်သွားသောမြန်မာမှုလက်ယာမှတ်တမ်း တစ်ခုသည်မြန်မာလူမျိုးတို့အတွက်တန်ဖိုးမဖြတ်နိုင်သောသမိုင်းဝင်မှတ်တမ်းတစ်ခုဖြစ်သည်။ ယခုကျန်ရှိနေသော မင်းတုန်းမင်းကြီး၏ကျောက်စာမှတ်တမ်းသည်လည်း မထိမ်းသိမ်းပါက ဗုဒ္ဓ၏ မြေမြတ်မဟာမှ မြန်မာတို့၏သမိုင်းမှတ်တမ်းတို့သည်ပျောက်ပျက်သွားပေလိမ့်မည်ဟူသော အတွေးကလည်းဝင်ရောက်လာသည်။ စွမ်းနိုင်သော ရာထူးရာခံရှိသော သူတို့ထိမ်းသိမ်းပေးမည်ဆိုလျှင်ကောင်းလေစွ ဟုလည်းတောင်းတမိပါ၏။
မင်းတုန်းမင်းကြီး၏ကျောက်စာမှတ်တမ်း
ကျောက်စာတိုက်ကိုလွန်သည်နှင့် အဆောက်အအုံ့နီနီကြီးကိုရောက်တော့သည်။သည်အဆောက်အအုံသည် မင်းတုန်းမင်းကြီး၏ ကောင်းမှု အဆောက်အအုံဖြစ်သည်။ဆောင်အဆင်ဝင်တွင်နွားချေးတို့ကအထပ်ထပ်၊နွားထားရာနေရာဖြစ်နေသည်။
ဆောက်အအုံထဲတွင်ကုလားများဝင်ရောက်ကျူးကျော်နေရာယူကုန်ကြပြီ။ပြုပြင်မည့်သူ ထိန်းသိမ်းမည့်သူမရှိတော့၊မြတ်
ဗုဒ္ဓပွင့်တော်မူရာမြေမြတ်မဟာမှ မြန်မာလူမျိုးတို့အတွက်တန်ဖိုးရှိသော အဆောက်အအုံသည် အခုတော့တန်ဖိုးမဲ့နေပြီ။ ကုလာတွေအကြားအားငယ်နေပြီ။ မင်းတုန်းမင်ကြီးသာအသက်ထင်ရှားရှိပါက မည်မျှ ခံစားနေရမည်မသိ။အခုမြင်နေရသော မိမိမှာတော့ ယူကျုံးမရဖြစ်ရသည်။
ဆောက်အအုံထဲတွင်ကုလားများဝင်ရောက်ကျူးကျော်နေရာယူကုန်ကြပြီ။ပြုပြင်မည့်သူ ထိန်းသိမ်းမည့်သူမရှိတော့၊မြတ်
ဗုဒ္ဓပွင့်တော်မူရာမြေမြတ်မဟာမှ မြန်မာလူမျိုးတို့အတွက်တန်ဖိုးရှိသော အဆောက်အအုံသည် အခုတော့တန်ဖိုးမဲ့နေပြီ။ ကုလာတွေအကြားအားငယ်နေပြီ။ မင်းတုန်းမင်ကြီးသာအသက်ထင်ရှားရှိပါက မည်မျှ ခံစားနေရမည်မသိ။အခုမြင်နေရသော မိမိမှာတော့ ယူကျုံးမရဖြစ်ရသည်။
အဆောက်အအုံရှေ့က ထွက်သာထွက်လာရသည် စိတ်ဆန္ဒ တွေကအဆောက်အအုံဆီ ကျန်ရစ်နေခဲ့သေးသည်။ စွမ်းနိုင်သူများ ပြန်လည်ထိမ်းသိမ်းနိုင်ပါက မည်မျှကောင်းလိုက်မည်နည်းဟုတောင်းတမိ၏ ။ မိမိအနေဖြင့်ထိုသို့တောင်းရုံမှတပါး......။
အရှင်ဓမ္မိက(လောင်းလုံ)
အရှင်ဓမ္မိက(လောင်းလုံ)
ပုံတွေကြည့်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။
ဂရုတစိုက်တန်ဖိုးထားပြီး ထိန်းသိမ်းစောင့်ရှောက် ကာကွယ်နိင်သူတွေ ပေါ်လာစေချင်ပါတယ်။