ဆရာကြီး နန္ဒာသိန်းဇံ၏ ဈာပနအခမ်းအနား မှတ်တမ်း ဓါတ်ပုံများ
ဆရာကြီးနန္ဒာသိန်းဇံ၏ ဈာပနအခမ်းအနားကို ယနေ့နံနက်၉-နာရီအချိန်တွင် ရေဝေးသုတ္တာန်၌ ကျင်းပခဲ့ပါသည်။ အခမ်းအနားသို့ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)မှ သံဃာတော်များ၊၊ ဆွေမျိုးများ၊ တပည့်များ၊ ဆရာ၏ ပရိတ်သတ်များ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် စာရေးဆရာ ချစ်ဦးညိုက ဆရာကြီးနှင့်ဆက်စပ်သော အကြောင်းများကို ပြောကြားခဲ့ပြီး ကြွရောက်လာသော န।ပ।သ သံဃာတော်များက အနိစ္စ ၀တ သင်္ခါရာ သုံးဂါထာကို ရွတ်ဖတ်ကာ သံဝေဂတရား ပွားများခဲ့ကြပါသည်။ အခမ်းအနားအပြီးတွင် နာရေးကူညီမှုအသင်းမှ ကျော်သူနှင့်အဖွဲ့တို့သည် ကိုယ်တိုင်လိုက်ပါပို့ဆောင်ခဲ့ကြပြီး နံနက်ပိုင်း ၁၀-အချိန်တွင် ဂူသွင်းခဲ့ကြပါသည်။ ဆရာ၏ မှတ်တမ်းဓါတ်ပုံများနှင့်အတူ ဆရာရေးခဲ့သော သံဝေဂကဗျာကိုလည်း ဆရာ၏ နောက်ဆုံးအမှတ်တရအဖြစ် ဖော်ပြအပ်ပါသည်။
တစ်ချိန်က
ရွက်ဝါတွေ မော်မောဟိုက်ဟိုက် ၀ဲယိုင်
လွင့်မျောနေတတ်သည့်
ရွက်ကြွေတောမှ အပြန်…
ချောင်းရေပြင်တွင် စာရေးခဲ့ဖူး၏။
မိုးထိအောင် လှေကားထောင်၍
တိမ်အရုပ်ကို ဖမ်းဆုပ်ဖို့လည်း စိတ်ကူးခဲ့ဖူး၏။
အခု……………
လူ့ဘ၀ဟူသည် ရွက်ကြွေလို လွင့်မျောခြင်း
အမှန်တရားဟူသည် ရေစီး၌ စာရေးခြင်း
ဒဿနဟူသည် တိမ်အရုပ်ကို ဖမ်းဆုပ်ခြင်း
မျှသာ........
နန္ဒာသိန်းဇံ
စာရေးသူရင်မှာလည်း တစ်ချိန်က မင်းကွန်ဆရာတော်ကြီးနောက်ဆုံးရေးခဲ့သော မင်းကွန်းဆရာ တော်ဘုရားကြီး၏ ရုပ်ပုံအောက်တွင်း မြင်တွေ့ခဲ့ဖူးသော ကဗျာတစ်ပုဒ်ကိုလည်း အမှတ် ရနေမိပါသည်။
"ကြာလည်းမမေ့
ရှာလည်း မတွေ့
ငါလည်းတစ်နေ့ "
ဆရာနန္ဒာသိန်းဇံ ပုံရိပ်၏ နောက်ဆုံးမြင်ကွင်း
ဓါတ်ပုံများကို ပို့ပေးသော န.ပ.သ မှ သင်ကြားစီမံဆရာတော် ဦးမာဃ၀အား MSMA အဖွဲ့မှ အထူး ကျေးဇူးတင်ရှိပါသည်။
http://www.lankamsma.org/2011/08/blog-post_4287.html မှတဆင့်ဖေါ်ပြပါသည်။