မေခ နဲ့ မလိခ
ပေါင်းဖက် ရာက
မွေးဖွားခဲ့တဲ့ ..
ရှေး ပဝေသဏီက ဧရာဝတီ....။
ဧရာဝတီ ရဲ့ရင်ထဲမှာ
မြန်မာတို့ရဲ့ အသက်တွေ
မြန်မာတို့ရဲ့ သွေးတွေ
မြန်မာတို့ရဲ့ ချွေးတွေ
မြန်မာတို့ရဲ့ နှလုံးသားတွေ
မြန်မာတို့ရဲ့ ယဉ်ကျေးမှုတွေ
ပျော်ဝင် စီးဆင်းနေတယ်....။
မှော်ဝင် စီးဆင်းနေတယ်....။
ဧရာဝတီ ဟာ မြန်မာတို့ရဲ့ဘဝ
ဧရာဝတီ ဟာ မြန်မာတို့ရဲ့ကျက်သရေ
ဧရာဝတီ ပျက်ရင် ဘ၀ပျက်ပြီ..
ဧရာဝတီ မရှိရင် ဘ၀မရှိပြီ...
ဧရာဝတီတုံးရင် ဘ၀ပြုန်းပြီ...
အခု ဧရာဝတီ ငိုနေရပြီ..။
ဧရာဝတီ မြစ်ကမ်းဘေးက
တစ်ချိန်က ထင်ရှားခဲ့တဲ့
နန်းမြို့တွေ...
ပုဂံ..
အင်းဝ...
သရေခေတ္တရာ...
စစ်ကိုင်း...
အမရပူရ.... စတာတွေ
သူတို့လဲ ဧရာဝတီ နဲ့ အတူ
စီးဆင်းခဲ့တယ်...။
သူတို့ ဧရာဝတီကို မရောင်းစားခဲ့ဘူး..။
တစ်နပ်စာ တစ်ထပ်စာ ကြည့်သူတွေ
ဧရာဝတီရဲ့ လည်မြိုကိုညှစ်
ဧရာဝတီရဲ့ သွေးကိုဖောက်
“ယွမ်” နဲ့လဲသောက်ကုန်ပီ..။
ဧရာဝတီကို ခြေတော်တင်ကြကုန်ပီ..။
ဧရာဝတီကို ခြေတော်တင်ကြကုန်ပီ..။
ဧရာဝတီကို ကုန်ခမ်းအောင်
ဧရာဝတီ ကုန်ကူးကြကုန်ပြီ...။
ပတ္တမြားငမောက်ကို
အခုခေတ် တန်ဖိုးဖြတ်ချင် ဖြတ်လို့ရမယ်..။
ဧရာဝတီကို တန်ဖိုးဖြတ်လို့မရဘူး.။
အခု ဧရာဝတီ ငိုနေပြီ..
အခု ဧရာဝတီ ငိုနေပြီ..
ဧရာဝတီနဲ့အတူ ငိုနေကြရပြီ..။
မဟာနဒီ ဧရာဝတီရဲ့ မျက်ရည်
မြစ်ထဲ မပြည့်မီ.....
ဧရာဝတီ အငိုတိတ်ဖို့အရေး
ဝိုင်းဝန်းကြိုးပမ်းကြရမည်...။
အခုတော့ ဧရာဝတီ ငိုနေပြီ....။
ဧရာဝတီမြစ်ဆုံဆည် စီမံကိန်းကို ကန့်ကွက်ပါကြောင်း...
အရှင်ဓမ္မိက(လောင်းလုံ)
်
အရှင်ဘုရား
အတူပါဝင်ခဲ့တဲ့အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါတယ်ဘုရား။ ဓမ္မရိပ်မှာ ခိုလှုံခဲ့ပါတယ်။
ရိုသေလေးစားလျက်
သဒ္ဓါလှိုင်း
ပြန်လည်မျှဝေခွင့်ပြုပါနော်